Pages

Monday, December 23, 2013

"သင်သေသွားသော်"

သြော်..........
လူ့ပြည်လောက လူ့ဘ၀ကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည်း။

သို့ပြည်တကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျွန်ကောင်းသင့်၏။

သင်၏မျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။

သင်ဦးချရ်ျ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း ပြောင်လျှက်ဝင်းလျှက်
ကျန်စေသတည်း။

ဆရာဇော်ဂျီ

No comments:

Post a Comment