Pages

Saturday, December 21, 2013

အဆင့်မြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာ အကြောင်း

                    ကျောက်မဲခရိုင်အတွင်း လူဦးရေ (၇၇၄၃၅၈) ခန့်ရှိပြီး သက်ကြီးရွယ်အို အသက် (၆၅) နှစ်အထက် ခန့်မှန်းဦးရေ (၆၁၉၄၈) ဦး ရှိပါသည်။ ထိုသက်ကြီးရွယ်အိုများ၏ ၄၀% ခန့်သည် ခိုကိုးရာမဲ့ မဟုတ်သော်လည်း စောင့်ရှောက်မှု အပြည့်အ၀ မရရှိကြောင်းကို လေ့လာတွေ့ရှိရပါသည်။ ယခုဖွင့်လှစ်မည့် ဘိုးဘွားရိပ်သာသည် ကျောက်မဲခရိုင်အတွင်း ပထမဆုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒုတိယမြောက်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် (၇၅) ခုမြောက်ရိပ်သာ ဖြစ်ပါသည်။


           ယခုဖွင့်လှစ်မည့် စင်တာသည် အဘိုး အဘွားများ စာဖတ်၊ တရားနာ၊ တရားထိုင်၊ ဘာဝနာပွါး စသည်သာမက အဘိုးအဘွားများ စိတ်ပိုင်းဆိုင်ရာအတွက် Karaoke သီဆိုခြင်း၊ အကသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျန်းမာရေး လှုပ်ရှားမှုအတွက် စက်ကိရိယာများ ထားရှိပေးခြင်း၊ ဘိုးဘွားများ တတ်ကျွမ်းသည့် လက်မှုပညာများ ဆောင်ရွက်ခွင့်ပြုခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်း စသည့် ကဏ္ဍအသီးသီးတို့ကိုလည်း စီစဉ်ထားပါသဖြင့် ဘိုးဘွားရိပ်သာ ဆိုသော အသုံးအနှုန်းအစား  "အဆင့်မြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စင်တာ" ဟုခေါ်ဝေါ်သုံးစွဲရခြင်းဖြစ်ပါသည်။


No comments:

Post a Comment