သြော်..........
လူ့ပြည်လောက လူ့ဘ၀ကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည်း။
သို့ပြည်တကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျွန်ကောင်းသင့်၏။
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။
သင်ဦးချရ်ျ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း ပြောင်လျှက်ဝင်းလျှက်
ကျန်စေသတည်း။
ဆရာဇော်ဂျီ
Monday, December 23, 2013
Sunday, December 22, 2013
ဆက်သွယ်လှူဒါန်းနိုင်သောနေရာများ
-ဒေါ်စန်းစန်းဌေး၊ ထွန်းပွဲရုံ၊ တိလင် (၉) ရပ်ကွက်။ ၀၈၂-၄၀၅၆၄
-ဒေါ်ဝင်းကြည်၊ ကျောက်မဲ စတိုး နှင့် စတား ရွှေဆိုင်။ ၀၈၂-၄၀၁၉၉
-ဦးကျော်ထွေး+ဒေါ်လှလှထွေး၊ ပါရမီ အချိုခြောက်။ ၀၈၂-၄၀၆၉၀
-ကိုစံမြင့်+မခင်မိုးမိုး၊ ကောင်းသန့် စတိုးနှင့် စက်သုံးဆီ။ ၀၈၂-၄၀၁၇၆
-ကိုအောင်ကြည်+မနှင်းနှင်းအေး၊ တော်ဝင်သူ ကဖေး။ ၀၈၂-၄၀၃၉၃
-ကိုမင်းမင်း၊ ထိုင်းလင်း ဆေးဆိုင်။ ၀၉-၅၀၈၁၂၃၆
-ကိုမင်းသိန်း+မမေဆောင်းညွှန့်၊ ရွှေဖြိုး ဆေးဆိုင်။ ၀၈၂-၄၀၄၈၄
-ဦးစိုင်းကျော်ဟုန်၊မန္တလေး။ ၀၉-၉၁၀၀၄၈၁၈
-စတား မိုဘိုင်းနှင့် အီလတ်ထရောနစ်။ ၀၂-၂၂၂၀၈

လှူဒါန်းနိုင်သော ပစ္စည်းများ
သဒ္ဒါထက်အား နည်းများမဆို ပါဝင်ကူညီလှူဒါန်းပေးကြပါရန် နိဗာန်အကျိုးမျှော် နှိုးဆော်လိုက်ပါသည်။
အုပ်(၁)ချပ်- ၉၀ကျပ်
၆လက်မx၉လက်မ ကျောက်ကြီး(၁)လုံး - ၈၅ကျပ်
ထုံး(၁)အိတ် - ၂၀၀၀ကျပ်
ဘိလပ်မြေ(၁)အိတ် - ၄၅၀၀ကျပ်
အမိုး ကာလာသွပ်(၁)ပေ - ၁၂၀၀ကျပ်
၃လက်မx၄လက်မ ကျောက်(၁)ကျင်း - ၂၈၀၀၀ ကျပ်
မြစ်သဲ (၁) ကျင်း - ၄၀၀၀၀ ကျပ်
အုတ်တံတိုင်း ၈ပေx၆ပေ (၁) ခန်း - ၇၀၀၀၀ကျပ်
ဘိုးဘွားဆောင် (၄) ယောက်တစ်ခန်း
(ကုတင်၊စားပွဲ၊ရေအိမ်အပါ) - ၉၀၀၀၀၀၀ကျပ်
၂၄ပေx၃၂ပေ (၁)ခန်း
အခြားအဆောက်အဦးများအတွက် - ၁၇၀၀၀ကျပ်
တစ်စတုရန်းပေ(၁ပေx၁ပေ)
ဖွင့်လှစ်ထားမည့်နေရာ
ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာ၊
ငြိမ်းချမ်းရေးဘုရားကြီးအနီး၊ ကျောက်မဲ-မိုးကုတ် ကားလမ်းမကြီးဘေးတွင်
ဖွင့်လှစ်မည် ဖြစ်ပါသည်။
ပါဝင်မည့် အဆောက်အဦးများမှာ အဘိုးဆောင်၊ အဘွားဆောင်၊ စာကြည့်ဆောင်၊ စားရိပ်သာ၊ ဘုရားရှိခိုးဆောင်၊ စားဖိုဆောင်၊ ဧည့်ဆောင်၊ ဆေးရုံငယ်တစ်ခု၊ ရုံးခန်း နှင့် အားကစားခန်းမတို့ ဖြစ်ပါသည်။ အဆောက်အဦးပုံစံကို အောက်တွင်ဖော်ပြထားပါသည်။

![]() | |
တည်ဆောက်မည့်ပုံစံနမူနာ |
Saturday, December 21, 2013
အဆင့်မြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာ အကြောင်း
ကျောက်မဲခရိုင်အတွင်း လူဦးရေ (၇၇၄၃၅၈) ခန့်ရှိပြီး သက်ကြီးရွယ်အို အသက် (၆၅) နှစ်အထက် ခန့်မှန်းဦးရေ (၆၁၉၄၈) ဦး ရှိပါသည်။ ထိုသက်ကြီးရွယ်အိုများ၏ ၄၀% ခန့်သည် ခိုကိုးရာမဲ့ မဟုတ်သော်လည်း စောင့်ရှောက်မှု အပြည့်အ၀ မရရှိကြောင်းကို လေ့လာတွေ့ရှိရပါသည်။ ယခုဖွင့်လှစ်မည့် ဘိုးဘွားရိပ်သာသည် ကျောက်မဲခရိုင်အတွင်း ပထမဆုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒုတိယမြောက်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် (၇၅) ခုမြောက်ရိပ်သာ ဖြစ်ပါသည်။
ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်
Subscribe to:
Posts (Atom)